ကျွဲကူးရွာ၊ မြိတ်မြို့နယ်
ကျွဲကူးရွာ(အင်္ဂလိပ်: Kyweku)သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု ၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ 177481 ဖြစ်သည်။ အရှည် ၃၆၁၂ ပေ ရှိ သံမဏိဘောင်+အာစီစီ ကျွဲကူး-ကျောက်ဖျာတံတားကို ၂၀၀၀-၂၀၀၃ တွင် ဆောက်လုပ်ပြီး ကားသွားလာနိုင်သည်။ ကျောင်းသား/သူ ၁၆၀ ကျော်၊ ဆရာ/မ ၂၀ ကျော်ရှိပြီးလျှင်၊ ၂၅.၈၉ ဧက ကျယ် မြေပေါ် တည်ဆောက်ထားသည့် နည်းပညာအထက်တန်းကျောင်း ရှိသည်။ အမှတ်(၁၀၁) ခြေလျင်တပ်ရင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းလည်း ရှိသည်။ ကျွဲကူး ကျေးလက်ကျန်းမာရေးဌာနခွဲ ရှိသည်။
Read article